၂၀၁၇-၂၀၁၈ ပညာသင်နှစ် လုပ်ငန်းခွင်အကြို ဆရာအတတ်သင်ပညာဒီပလိုမာ သငန်းခေါ်ယူခြင်း
၂၄ ခု၏ လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာဒီပလိုမာ
သင်တန်းကို ယခုအပတ်တွင် စတင်လျှောက်ထားနိုင်
™™™™kk™™™™™
၂၀၁၇-၂၀၁၈ပညာသင်နှစ်
အတွက်လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာဒီပလိုမာနှစ်နှစ်
သင်တန်းများအတွက်ယခုနှစ်တွင်တက္ကသိုလ်ဝင်တန်းအောင်
မြင်ပြီး အသက် (၂၂) နှစ်ထက် မကြီးသူများလျှောက်ထားနိုင်
မည်ဖြစ်သည်။
လျှောက်ထားလိုသူများအနေ
ဖြင့်မြို့နယ်ပညာရေးမှူးရုံးများတွင်သင်တန်းဝင်ခွင့်လျှောက်လွှာများကိုတောင်းယူပြီးသက်ဆိုင်ရာမြို့နယ်ပညာရေးမှူးရုံးများတွင်သာပြန်လည်လျှောက်ထားရမည် ဖြစ်သည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်တန်းသား အရေအတွက် ၅၀၀၀ မှ ၆၀၀၀ကြားခေါ်ယမည် ဖြစ်ကြောင်းအဆင့်မြင့်ပညာ ဦးစီးဌာနမှ သိရသည်။
လျှောက်ထားသူများအနေဖြင့် မိမိလျှောက်ထားသည့်တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းရှိ သွားလာရေး အဆင်ပြေသော ပညာရေးကောလိပ်များတွင်သာတက်ရောက်ရမည်ဖြစ်
သည်။
တက်ရောက်ခွင့်ရရှိသူများ စာရင်းကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးများတွင်ထုတ
ပြန်ကြေညာသွားမည်ဖြစ်သည်။
သင်တန်းတက်ရောက်စဉ်ကာလအတွင်းသင်တန်းသားများကို အဆောင်နေထိုင်ခွင့်ပြုမည် ဖြစ်ပြီး သင်တန်းပြီးဆုံးပါက ဆရာအတတ်ပညာဒီပလိုမာ
လက်မှတ် ချီးမြှင့်မည်ဖြစ်သည်။
ယင်းလက်မှတ်ရရှိသူများကို မူလတန်းပြဆရာအဖြစ်ခန့်ထားပါကဒေသမရွေးသွားရောက်တာဝန် ထမ်းဆောင်ရမည် ဖြစ်ကြောင်းကြေညာထား
သည်။
Copy from: NayPyiTaw-USS
Post : via ဆရာ ညီညီနိုင်
နိုင်ငံဝန်ထမ်းဥပဒေ အရ
ဆရာဆရာမများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်ပါတယ်
ဒါကြောင့် နိုင်ငံ့ဝန်ထမ်း ဥပဒေကို လိုက်နာကြရမှာ ဖြစ်ကြောင်း ပညာရေးဌာန အရာရှိကြီးများက အခမ်းအနားများမှာ ပြောကြားကြသလို ကျောင်းတွေမှာလည်း ထပ်ဆင့် ရှင်းလင်း အသိပေးကြရန် ပြောလေ့ ရှိပါတယ်
မှန်ပါတယ် ဆရာဆရာမများက နိုင်ငံ့ဝန်ထမ်းပေမို့ လိုက်နာကြရပါမယ် နိုင်ငံဝန်ထမ်းဥပဒေပါ လိုက်နာရမယ့် တာဝန်များကိုသာ လက်ညိုးထိုး ထောက်ပြလေ့ရှိပြီး နိုင်ငံ့ဝန်ထမ်းဥပဒေပါ အခွင့်အရေးများကိုတော့ ရှင်းပြလေ့ ပြောကြားလေ့ မရှိကြပါဘူး
နိုင်ငံ့ဝန်ထမ်းဥပဒေပါ ဝန်ထမ်းများ၏ အခွင့်အရေးများကဏ္ဍ မှာ ကျွန်တော့်လေ့လာမိရာ ကျွန်တော်တို့ ဆရာဆရာမများ နစ်နာဆုံးရှုံးနေမှုများ များစွာ ရှိနေသည်။
၁။ အလုပ်တည်မြဲခွင့် လုပ်ငန်းခွင် အာမခံချက်ရခွင့် လုပ်အား အတတ်ပညာ တာဝန်ထမ်းဆောင်မှုနဲ့ လျော်ညီသည့်လစာ ထောက်ပံ့ကြေး ခရီးစရိတ် နှင့် အခြားစရိတ်ခံစားခွင့်များ ရှိပါတယ်
ဒါပေမယ့် ထောက်ပံ့ကြေး ခရီးစရိတ်ဆိုတာတွေက ပညာရေး ရုံးပိုင်ဆိုင်ရာ အရာရှိများအတွက်သာ အပြည့်အဝ ရလေ့ရှိပြီး ဆရာဆရာမများကတော့ နေရာဒေသလိုက်ပြီး ရတဲ့သူရ မရတဲ့သူမရပါ သင်တန်းတက် စာစစ် ကိုယ့်စရိတ်ကိုယ်ပါ
၂။ ခွင့်ခံစားခွင့် ရှိပါတယ် ဒါပေမယ့် ရက်ရှည်ပိတ်ရက် ရှိသူ ဆရာဆရာမများကတော့ Casual Leave တစ်နှစ်တွင် ၁၀ ရက်သာ ခံစားခွင့်ရှိပါသတဲ့ အခြားဝန်ထမ်းများ စနေတနင်္ဂနွေ နားရပေမယ့် ဆရာဆရာမများ နားခွင့်မရှိပါ သင်တန်း workshop စာစစ် ထိုအားလပ်ရပ်များတွင် လုပ်လေ့ရှိပြီး ပျက်ကွက်က အရေးယူပါသေးတယ် October December ရက်ရှည်ပိတ်ရက်များတွက်လည်း မွမ်းမံ စာစစ် များဖြင့် မိဘရပ်ထံ မပြန်နိုင်ရှာပါ။ နွေရာသီ ၃ လ သာ အမည်တွင်ပါတယ် မတ်လကုန်ထိ ကျောင်းတက်ရသည် စာမေးပွဲ စာစစ် စုံလင်လှပါတယ် ပြီးရင် ဆယ်တန်းစာစစ်ပါရင် ငြင်းမရ။ KG မွမ်းမံ ဆွေးနွေးပွဲ များက အစဉ်သင့်ပါ။ မေလ ရောက်ပြီဆိုတာနဲ့ ကျောင်းမရောက်သော ဆရာဆရာမ အဆူခံရပေတော့သည်။ ဘယ်မှာလဲ ခံစားခွင့်များ ရပါသနည်း။
၃။ ပါတီနိုင်ငံရေးနှင့် ကင်းရှင်းသော အသင်းအဖွဲ့များတွင် ပါဝင်ခွင့်ရှိသည်။ ယခု လက်ရှိပါပဲ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ မြို့နယ် ဆရာဆရာမများအဖွဲ့ များ အစိုးရသစ်နှင့်အတူ ပေါ်ပေါက်လို့လာပါပြီ။ ဒါကို အချို့သော ကျောင်းအုပ် မြို့နယ်ပညာရေးမှူးများကပင် မပါဝင်ရ မသွားရ ကန့်ကွက် တားမြစ်ပိတ်ပင် နေဆဲ နေမြဲပင်။
ဘယ်မှာပါလဲ နိုင်ငံ့ဝန်ထမ်းဥပဒေကို ချိုးဖောက်ချင်နေကြပေသည်။
၎။ ဝန်ထမ်းရေးရာခံစားခွင့် ဆုံးရှုံးနစ်နာမှုများနှင့်စပ်လျဉ်း၍ တင်ပြခွင့် ရှင်းလင်းထုချေခွင့်နှင့် အယူခံခွင့် ရှိရပါမည်။
တင်ပြရင် မကြိုက် အယူခံရင် ပယ်ချ တစ်ချက်လွတ် အာဏာနဲ့ ခေါင်းညိတ်တတ်သော ပုတ်သင်ညိုများသာလျှင် လူကြီးကြိုက်၍ ဆန့်ကျင်သူများ လူကြီး မုန်းတတ်ပါတယ် နိုင်ငံ့ဝန်ထမ်း ဥပဒေပါ အချက်များ ပျောက်ဆုံးနေပါတယ်
၅။ နိုင်ငံ့ဝန်ထမ်းဥပဒေ အခန်း (၁၁) ပုဒ်မခွဲ (၅၃) အရ ဌာနဆိုင်ရာ အရေးယူမှုများတွင် နည်းဥပဒေ စည်းမျဉ်းစည်းကမ်းများနဲ့အညီ ချမှတ်ရမည်။ စာဖြင့် သတိပေးခြင်း ပြုရမည်။ ယခုတော့ ဆရာဆရာမများသည် ဘယ်သူခေါ်ခေါ်သွားရသည်။ ဖုန်းဆက်ခေါ်လည်း သွားရသည်။ ပါးစပ်ကနေခေါ် ပါးစပ်ကနေ အမိန့်ထုတ် ပါးစပ်ကနေ ပြော ပြောသမျှ လည်စင်းခံနေရပါတယ်
ဝန်ထမ်းများအား ပြစ်ဒဏ်ချမှတ်သည့်အခါ ပညာပေးပြုပြင်ရေးနှင့် စည်းကမ်းထိန်းသိမ်းမှုထိရောက်ရေုးတို့ကို ဦးတည်ချက်ထားရမည် ဆိုသော်လည်း ပုဂ္ဂလိက မကျေနပ်ချက် အာဏာပြလိုချက်များနဲ့သာ ဝန်ခံချက်ထိုး ကတိပြု ခိုင်းသည်များလည်း ရှိနေပါတယ်
ပြစ်မှုနှင့်ပြစ်ဒဏ် လိုက်လျောညီထွေ ရှိစေရမည် ဆိုသော်လည်း ဘာမဟုတ်သည့် အပြစ်လေးနဲ့ အပြစ်များစွာ ပေးခံရတာလည်း ရှိနေပါတယ်
ဝန်ထမ်းသည် ဌာနဆိုင်ရာ အရေးယူမှုတွင် ချမှတ်သည့်ပြစ်ဒဏ် နှင့်စပ်လျဉ်း၍ အယူခံခွင့်ရှိစေရမည် ဆိုသော်လည်း အမိန့်ထုတ်ပြီးပါက ပြင်မရ တင်ပြမရ ဘာမှ ပြောခွင့်မရှိ ရှင်းပြခွင့်မပေး အကျိုးအကြောင်းမမေးတော့ဘဲ ထားရနေ စေရာသွား သူပြုသမျှ နုရပြန်ပါသည်။
သို့ဆိုလျှင် ကျွန်တော်တို့ဆရာဆရာမများ ဥပဒေဘောင်တွင်း နေထိုင်ရင်း နိုင်ငံဝန်ထမ်းဘဝ လှပအောင် ကြိုးစားပြီး နိုင်ငံ့ဝန်ထမ်း ပီသအောင် နေထိုင်ခွင့် ပြောဆိုခွင့် ဆောင်ရွက်ခွင့် ခံစားခွင့်များရရှိအောင် စိတ်ဓာတ်တွေပြောင်း ဥာဏ်ရည်လောင်းလို့ အလင်းသစ် ဘဝသစ် ဖွင့်ကြပါစို့ ခင်ဗျာ။
Aung Aung (Education) ထံမှ ကူးယူဖော်ပြသည်။
ဗဟုသုတ
လက်ရှိ ပညာရေးဌာနမှာ သင်ကြားရေး ဆရာ၊ ဆရာမများကို ပညာရှင်ဝန်ထမ်းလို့ သတ်မှတ်ထားပါတယ်။
မူလတန်းပြဟာ ပညာရှင်အဆင့်(၁)၊ အလယ်တန်းပြဟာ ပညာရှင်အဆင့်(၂)ဖြစ်ပြီး နည်းပြ/ သရုပ်ပြ/ အထက်တန်းပြဟာ ပညာရှင်အဆင့်(၃) အသီးသီးဖြစ်ပါတယ်။
မူလတန်းပြနဲ့အထက်တန်းပြတွေ ခန့်ထား တိုးထားရာမှာ ပြသာနာ မရှိပေမယ့် အလယ်တန်းပြ ရာထူးတိုးရာမှာ အဆင့်၂ခု ရှိပါတယ်.....
အလယ်တန်းပြ စစ်စစ်(J1) နဲ့ မူလတန်းသင်/အလယ်တန်းလစာ(J2) ဆိုပြီးရှိတာပါ....
👉အာ့ဒီနေရာမှာ ပညာရှင် အဆင့်(၂)လို့ခန့်ထားပေမယ့် ကိုယ်တာဝန်ကျရာကျောင်းက မူလွန်၊အလက ခွဲ၊အလက၊အထက ခွဲ၊အထက ဖြစ်ရင် ခွဲဝေရာထူးသစ်လည်းဖြစ်ရင်
အလယ်တန်းပြစစ်စစ်(J1)ဖြစ်ပါတယ်......
👉တစ်ကယ်လို့ ကိုယ်တာဝန်ကျတဲ့ကျောင်းက
ပြောင်းရွေ့သွားတဲ့ ဆရာ ဆရာမနေရာမှာ ဝင်ရင်ပြောင်းရွေ့သွားတဲ့ဆရာဆရာမ ရာထူးအတိုင်း ဝင်ရပါတယ်
ဥပမာ ပြောင်းသွားတဲ့ဆရာက J2 ဆိုရင် ကိုယ်လည်း J2ဖြစ်မှာပါ....
👉ပညာရှင် အဆင့်၂ အလယ်တန်းပြလို့ခန့်ပေမယ့်
တာဝန်ကျတာက မူလတန်းကျောင်းဆိုရင် J2 ပါ..
J1 နဲ့ J2အကြောင်း
အာ့လောက်ဆိုရင် နည်းနည်းသဘောပေါက်မှာပါ
J2 သမိုင်းကြောင်း....
မြန်မာပညာရေးသမိုင်းကြောင်းမှာ ဆရာလိုအပ်ချက်အရ ၁၉၈၈ခုနှစ်မတိုင်ခင် ဘွဲ့ရ၊၁၀တန်းအောင်များကို အများအပြားခန့်အပ်ခဲ့ပါတယ်...
အာ့အချိန်က ရာထူးတိုးဖို့ အခက်အခဲဖြစ်လာခဲ့ပါတယ်....
ကျောင်းအုပ် နဲ့ အလယ်တန်းပြ ပဲရှိတယ်...
အလယ်တန်းပြဆိုတာက အဲဒီအချိန်တုန်းက မူလွန်၊လခွဲ၊ မပေါ်ပေါက်သေးတဲ့အချိန်
အလကကျောင်းက နည်းနည်း
အထကကျောင်းက နည်းနည်း...
နေရာလိုအပ်ချက်က နည်းနည်း...
ရာထူးကလည်း တိုးပေးချင်တယ်....
အောက်က ဆရာတွေကလည်းတိုးချင်ကြတယ်..
အာ့ဒီနေရာမှာ ပညာရေးဝန်ကြီးဌာန အကြံရသွားတယ်ထင်ပါရဲ့....
J2လို့ခေါ်တဲ့PJ ဆိုတဲ့ရာထူးသစ်ခန့်ပေးလိုက်တယ်...
လစာက အလယ်တန်းပြလစာ၊သင်ရတာက မူလတန်းပေါ့.....
ဒီလိုနဲ့ အဲဒီစနစ်ကို ယခုအချိန်ထိ မြိန်ရည်ရှက်ရည် ကျင့်သုံးနေဆဲပါ....
ဒါက ကျွန်တော်သိသမျှ PJ J2 သမိုင်းကြောင်း...
ယခုလက်ရှိအခြေအနေ
ယခုလက်ရှိ ပညာရေးဝန်ကြီးဌာနက ပညာရေးမှာုကြီးကြီးမားမားပြောင်းလဲချင်တယ်....
ပြောင်းလဲချင်တဲ့ပုံစံက....
ပညာရှင် အဆင့်လိုက် လစာခွဲဝေပေးသွားမယ့်ပုံစံ
အဲဒီနေရာမှာ ကန့်လန့်ဖြစ်လာပြီ....
J2 ကိစ္စ...
သူက အမှန်ဆိုရင် အလယ်တန်းပြ၊၊
မူလတန်းမှာ သင်နေရတယ်...
ယခုကျင့်သုံးမယ့် ပုံစံက မူလတန်းမှာ မူလတန်းပြပဲ ထားမယ်..
အဲဒီ မူလတန်းပြတွေကို ပညာရှင်အဆင့်နဲ့ခွဲမယ်..
လစာပေးမယ်...အဲလိုပေါ့
ဒါပေမယ့် J2 က မူလတန်းပြမဟုတ်တော့ J2 တွေကို ဘယ်လိုလုပ်ရမလဲ စဉ်းစားရပြန်ရော...
နောက်ဆုံးအောက်ပါပုံစံအတိုင်း ထုတ်ပြန်ခဲ့တယ်
J2တွေအတွက် ရာထူးပြောင်းပေါ့....
(က) လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ကျောင်းများတွင် အလယ်တန်းပြရာထူးနေရာ လစ်လပ်ရှိပါက ပြောင်းလဲခန့်ထားမည်။
(ခ) လက်ရှိ တာဝန်ထမ်းဆောင်နေသော ကျောင်းမှ အခြားကျောင်းသို့ ပြောင်းရွှေ့ရန် ဆန္ဒပြုပါက ဆန္ဒပြုကျောင်းတွင် အလယ်တန်းပြနေရာ လစ်လပ်လျှင် ဦးစားပေး ပြောင်းရွှေ့ပေးမည်။
(ဂ) ဆန္ဒပြုမှုနေရာများ ရရှိခြင်း မရှိပါက နေရာလပ်ရှိရာ ကျောင်းသို့ ပြောင်းရွှေ့ရမည်။ အလယ်တန်းပြအဖြစ် ဆန္ဒမပြုပါက မူလတန်းပြ (အဆင့်-၂) ရာထူးပြောင်းရန်၊ အလယ်တန်းပြ (မူတာဝန်) များ ဆန္ဒပြုပြီးမှ ရာထူးပြောင်းနှင့် လစာကိစ္စ ပြောင်းလဲရန် ကိစ္စများ ပါဝင်သည်။
အာ့လို ထုတ်ပြန်ပြီး အခြေခံက J2ဆရာ ဆရာမတွေ ကန့်ကွက်သံတွေ ထွက်လာတယ်...
အာ့ဒီနေရာမှာ စဉ်းစားစရာက
ရာထူးပြောင်းဖြစ်တဲ့ အလယ်တန်းပြစစ်စစ် J1ကို လျှောက်ရင် လျှောက်ရမယ့် နေရာလပ်မရှိဘူး...
မလျှောက်ပြန်ရင်လည်း အလယ်တန်းပြကနေ မူလတန်းပြဖြစ်တော့မယ်...
တန်းလန်းကြီး...ဘာမှ လုပ်မရပဲ ကြားထဲမှာ တစ်ခံနေသလိုမျိုး။
ပညာရေးဝန်ကြီးဌာန သူတို့စဉ်တာမှားသွားပြီလို့ သိလိုက်ရတော့ အာ့ဒီ J2 ကနေ J1အပြောင်း လျှောက်လွှာတွေကို ပြန်ရုတ်သိမ်းခဲ့ရတယ်....
ဘာမှ မစဉ်းစားခဲ့ပဲ ရမ်းလုပ်ခဲ့တာတွေ....
စီမံခန့်ခွဲမှု အရမ်းညံ့တာကို ပေါ်လွင်စေခဲ့တယ်....
J2ဆရာတွေ လက်ရှိအခြေအနေ...
တစ်ချို့အသက်ကြီးတဲ့ ဆရာဆရာမတွေက ဘယ်နေရာ ဘယ်ရာထူးမှ မယူဘဲ လက်ရှိနေရာမှာ ဘယ်လိုပဲ ဖြစ်ဖြစ်နေချင်တယ်
အသက်ငယ်သေးပြီး ရာထူးတိုးလိုချင်တဲ့ ဆရာဆရာမတွေက J1ကို ပြောင်းချင်တယ်...
ဘယ်လိုပဲ ဖြစ်ဖြစ်ခက်တာက....
J1ပြောင်းပြောင်း
မူလတန်းပြ ပြောင်းပြောင်း...
လက်ရှိ ရရှိထားတဲ့ လုပ်သက်တွေ အရမ်းနစ်နာတာပါပဲ.....
ပညာရေးဝန်ကြီးဌာန အနေနဲ့ ခုကျင့်သုံးမယ့်ပုံစံက လုပ်သက်ထည့်မတွက်ဘဲ အသစ်ပြန်စမယ့်ပုံစံမျိုးဖြစ်နေတယ်....
အာ့တာဆိုရင်တော့ အခြေခံက ဆရာဆရာမတွေရဲ့ မကျေနပ်သံတွေ ၊ ကန့်ကွက်သံတွေ ကြားရဦးမှာပဲ.....
ဖြစ်ပေါ်လာနိုင်သည့်အခြေအနေ
ဒီလိုဆိုရင်.....
နေမြဲနေမယ့်သူက နေမယ့်သူက နေ
J1 ပြောင်းချင်တဲ့သူက ပြောင်း...
အာ့ဆိုရင် ပညာရေးဝန်ကြီးဌာနအနေနဲ့ ကျောင်းတွေမှာ နေရာလပ်တွေ ဖော်ပြီး ခွဲဝေရာထူးသစ် များစွာ ချပေးနိုင်ခဲ့မယ်...
J2ဆရာဆရာမတွေရဲ့ လုပ်သက်တွေကို ထည့်သွင်းစဉ်းစားမယ် ဆိုရင်....
ခုပြောင်းမယ့် ပညာရေးစနစ်အတွက် အသင့်တော်ဆုံးပဲ....
အာ့ဆိုရင်တော့ စနစ်သစ်အတွက်၊အပြောင်းအလဲအတွက် ဆရာ ဆရာမတွေလဲ အဆင်သင့်ဖြစ်နေမယ်လို့ထင်တယ်....
ဒီလိုကျင့်သုံးမယ်ဆိုရင်တော့ အားလုံးလဲ ကျေနပ်လိမ့်မယ်ထင်တယ်
နိဂုံး
ပညာရေးဝန်ကြီးဌာနအနေနဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုနဲ့ လုပ်ဆောင်နိုင်ခဲ့မယ်ဆိုရင် ပညာရေးပြောင်းလဲမူကိုကြိုဆိုပါတယ်
(အခြေခံပညာရေးဆွေးနွေးရာ မှ ကူးယူဖော်ပြပါသည်)
သတင်း
၂၀၁၈ မတ် လ တက္က သိုလ် ဝင် တန်း Final Exam
ဖြေ ဆို ကြ မည့် ကျောင်း သား ကျောင်း သူ များ
အ တွက် ဖြေ ဆို ခွင့် ဖောင် တွေ ကို
စက် တင် ဘာ လ ပ ထ မ အ ပါတ် (၉ လ ပိုင်း) မှာ
စ တင် လျှောက် ထား ရ မည် ဖြစ် ပါ သည်။
#copy
Min ThanHtun
သတင်း
အရွေ့တစ်ခု
အခြေခံပညာကျောင်းများတွင်
(၁) Grade-1 သင်ဆရာဆရာမများ
ဆရာကိုင်စာအုပ်များရှိပါသဖြင့်
သင်နည်းမှတ်စု သီးခြားထပ်မံ ရေးစရာ
လုံးဝ မလိုအပ်တော့ပါကြောင်း
(၂) ကျောင်းပြောင်း TC များထုတ်ပေးရာတွင်
သက်ဆိုင်ရာကျောင်းအုပ်ကြီး၏ လက်မှတ်
ဖြည့်သွင်းချက်များမှန်ကန်ရန်သာလိုပြီး
မည်သည့်မြို့နယ် မည်သည့်နေရာ
ပြောင်းသည်ဖြစ်စေပညာရေးမှူးလက်မှတ်
သွားထိုးစရာ မလိုအပ်တော့ပါကြောင်း
ခိုင်လုံသော လမ်းညွှန်ချက်အရ
သတင်းရရှိလိုက်ပါပြီ။
Crd##Aung Aung (Education)
ရယ်မောစရာ
"Really. Don't you believe me? That is my usual words."
"ဒီမှာ ရှင်ခုနကေပြောခဲ့တယ်နော်၊ ကျွန်မက သာရှင့်အချစ်ကို လက်မခံဘူးဆိုရင် ရှင့်ကိုယ်ရှင် သတ်သေမယ်ဆိုတာလေ တကယ်လား"
"တကယ်ပေါ့ကွာ။ မယုံလို့လား။ ဒါဟာ ကိုယ့်ရဲ့ေပြောနေကျလက်သုံးစကားပဲလေ။"
အောင်ချက်အကောင်းဆုံး
၂၀၁၆/၁၇ပညာသင်နှစ်အဋ္ဌမတန်းအောင်ချက်
အကောင်းဆုံး ပထမ လခွဲ ကံကြီး
ဒုတိယ အလက ကူကြီးကုန်း
တတိယ ဘက ရွှေကျင်
စတုတ္ထတန်းအောင်ချက်အကောင်းဆုံး
ပထမ အမက တောင်သရက်ကန်
ဒုတိယ အမက မြောက်မြင်းဦးလှည့််
တတိယ အမက မြို့ကုန်း နှင့်
အမက ရေချိုဘူတာ်
ပညာရေးသတင်း
အခြေခံပညာ
ဆရာ၊ ဆရာမများ တက်ရောက်ရသည့် ပညာရေးဘွဲ့စာပေးစာယူ နှစ်နှစ်သင်တန်းကို အနီးကပ်နှစ်ကြိမ် တက်ရောက်ရန် ပြောင်းလဲသတ်မှတ်
လိုက်ကြောင်း သိရသည်။
နှစ်စဉ်ဧပြီလတွင် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်တို့တွင် ဖွင့်လှစ်သင်ကြားပေး လျက်ရှိသော ပညာရေးဘွဲ့စာပေးစာယူ နှစ်နှစ်သင်တန်းများကို တက်ရောက်ရသည့် ဆရာ၊ ဆရာမများအား သင်ကြားသင်ယူမှု လုပ်ငန်းများကို ပိုမိုထိရောက်စေရန်အတွက် ယင်းသင်တန်းများကို ဧပြီလတွင် တစ်ကြိမ်၊ အောက်တိုဘာလတွင် တစ်ကြိမ်တက်ရောက်ရန် ပြောင်းလဲသတ်မှတ်လိုက်ပြီး အဆိုင်းမန့်အမှတ်များကိုလည်း ယခင်က ၂၀ ရာခိုင်နှုန်းသာ သတ်မှတ်ခဲ့ရာမှ
ယခုအခါ ၃၀ ရာခိုင်နှုန်းထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ်မှ သိရသည်။
အရင်ကတော့
ဧပြီလကနေ မေလအထိ အနီးကပ်သင်ကြားမှုတွေကို လုပ်ပါတယ်။ အဝေးသင်ဆိုပေမယ့် စာပေးစာယူအဆင့်ပဲရှိပါသေးတယ်။ ဆရာ၊ ဆရာမတွေတင်ရတဲ့ အဆိုင်းမန့်တွေဆိုရင်လည်း Face to Face မရှိပါဘူး။ ဒါကြောင့် ဒီလိုထိရောက်မှုမရှိတာကို ထိရောက်အောင် ပြောင်းလဲဖို့အတွက် အားလုံးတိုင်ပင်ပြီး ဧပြီလမှ တစ်ကြိမ်၊ အောက်တိုဘာလမှာ တစ်ကြိမ် ပြုလုပ်နိုင်ဖို့ ညှိနှိုင်းခဲ့ပါတယ်။ အားလုံးကလည်း သဘောတူပါတယ်။
ပညာရေးဘွဲ့စာပေးစာယူ နှစ်နှစ်သင်တန်းသည် ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်နေသော ဆရာ၊ ဆရာမများနှင့် ၀န်ထမ်းများတက်ရောက်
်နေသော သင်တန်းဖြစ်ပြီး ရန်ကုန်နှင့် စစ်ကိုင်းတို့တွင်သာ ဖွင့်လှစ်ထားသည့်အတွက် အခြားဒေသမှ တက်ရောက်ရသူများ အနေဖြင့် ယခုလို အချိန်ပြောင်းလဲ သတ်မှတ်လိုက်သည့်အတွက် နှစ်ကြိမ်သွားရောက်ရမည်ဖြစ်ရာခရီးစရိတ်ကုန်ကျမှုများ
အတွက်အခြေခံပညာဦးစီးဌာနမှ ကျခံပေးမည်ဖြစ်ကြောင်း သိရသည်။
အရင်ကတော့ တစ်ကြိမ်တည်း ဆိုတော့ မသိသာဘူး။ ဒီတစ်ခါ နှစ်ကြိမ်တက်ရောက်ရမယ်ဆို
တော့ ခရီးစရိတ်နှစ်ခါအတွက် အခြေခံပညာဦးစီးဌာနကလည်း ကုန်ကျခံပေးမယ်လို့ ပြောပါတယ်။
ဆရာ/ဆရာမတွေ
အတွက်လည်း ၀န်ပေါ့သွားတာပေါ့။ သင်တန်းတွေကို လာမယ့်အောက်တိုဘာလမှ စပြီး လုပ်ပါ့မယ်။
လက်ရှိတွင် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့တွင် ပညာရေးဘွဲ့စာပေးစာယူ သင်တန်းတက်ရောက်နေသည့် ပထမနှစ်နှင့် ဒုတိယနှစ် သင်တန်းသာ ၆၀၀၀ ကျော်ခန့် ရှိကြောင်း သိရသည်။
Source:
#democracytoday
#kkhant
သတင်း
ဒီနေ့ မြို့နယ်မှာ H1N1 ကြိုတင်ကာကွယ်ရေး ဟောပြောပွဲရှိပါတယ် ဆရာကြီးဆရာမကြီးများ ခင်ဗျား။မူလတန်းကျောင်းအုပ်တွေ လို့ကြားပါတယ်။
ဦးဖြိုးမင်းအောင်
ဖိတ်ကြားခြင်း
H1N1 Influenza ရောဂါနှင်စပ်လျင်း၍ဟောပြောပွဲ
သြ ဂုတ်လ၅ရက်နေ့
နံနက်၈း၃၀နာရီ
အထကမလှိုင်
သို့တက်ရောက်ပါရန်အကြောင်းကြားပါသည်။
#copy from Yi Yi Myint
"အသိပေးကြော်ငြာခြင်း"
လိုအပ်သောစာရွက်စာတန်းများ
၁။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်စာရင်းမိတ္တူ (၁)
၂။ မလှိုင် မြို့နယ်တွင်နေထိုင်သူဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက် (သို့မဟုတ်)အိမ်ထောင်စုစာရင်း မိတ္တူ (၁)
"Hay!Why do you kick my calf?"
"Because I can't kick more than that high, I have kicked your calf."
"ဟေ့... မင်းက ငါ့ခြေသလုံးကို ကန်တာဘာသဘောလဲ"
"ဒါကတော့.....ကျွန်မက ဒီထက်မြင့်အောင် မကန်နိုင်လို့ ရှင့်ခြေသလုံးကို ကန်တာပေါ့"
စာစီစာကုံးရေးသားနည်း
မန်မာစာစီစာကုံး ရေးသားနည်း (Essay Writing)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
မြန်မာစာပေလောကတွင် ကဗျာလင်္ကာ၊ စကားပြေနှင့် လင်္ကာစကားပြေနှစ်ထွေရောရာဟူ၍ သုံးမျိုးခွဲခြား ထားရာတွင် မြန်မာစကားပြေရေးရာ၌ ဗုဒ္ဓဝင်၊ မဟာဝင်၊ ရာဇဝင်၊ သမိုင်း၊ ဝတ္ထု၊ ဓမ္မသတ်၊ လျှောက်ထုံး တရားစာ၊ မော်ကွန်းစာ၊ ဆောင်းပါးစာ၊ မှတ်တမ်း၊ အမိန့်တော်ပြန်တမ်း၊ အတ္ထုပ္ပတ္တိစာတမ်း စသည်ဖြင့် တွေ့ရှိရသော်လည်း “စာစီစာကုံး” ဟူ၍ သိရှိကြသော “အစမ်းစာ” များသည်ကား နောက်ခေတ်မှ ပေါ်ပေါက်လာသော မြန်မာစကားပြေတစ်မျိုး ဖြစ်ပေသည်။
ဤစာစီစာကုံးသည် အင်္ဂလိပ်ဘာသာဖြင့် “အက်ဆေး” ဟုခေါ်သဖြင့် ဆရာတက်တိုးက မြန်မာစာပေတွင် မရှိသော စာတစ်မျိုးဖြစ်ခြင်းကြောင့် တိုက်ရိုက်ဘာသာပြန်ဆိုကာ “အက်ဆေး” ဟုခေါ်ရန် နှစ်ခြိုက်သည်။
မန္တလေးမြို့၊ လှခင်အင်ဆန်းပိုင်ရှင် ဆရာကြီးဦးပန်းရည်ကမူကား အစမ်းစာဟူ၍ မှည့်ခေါ်ထားလေသည်။ ယခုအခါ အချို့က “စာကွန့်” ဟုခေါ်ကြပြန်သည်။
မည်သို့ပင် အမည်ပေးကြစေကာမူ မြန်မာစာပေလောကတခွင် ကျောင်းများနှင့် တက္ကသိုလ်များတွင် “စာစီစာကုံး” ဟူ၍သာလျှင် ခေါ်ဝေါ်ရေးသားလျက်ရှိလေသည်။
သို့ကြောင့် ဝေါဟာရအားဖြင့် အက်ဆေး အစမ်းစာ စာစီစာကုံး ဟူ၍ အမျိုးမျိုးရှိငြားသော်လည်း ရေးပုံရေးနည်း စာဟန်များသည်ကား မြန်မာစာပေလောက၌ သစ်ဆန်းလျှက် ရေးနည်းတမျိုးဖြစ်ကြောင်း ယခုအခါ အများနားလည် သိရှိကြပြီး ဖြစ်ပေသည်။
ကျောင်းတွင်းသင်္ခဏ်းစာ
▄▄▄▄▄▄▄▄▄▄▄▄▄▄
“အက်ဆေး” ခေါ် “စာစီစာကုံး” သည် တနည်းအားဖြင့်ဆိုသော် “အနုစာပေ” ၌ သက်ဝင်လေသည်။ အဘယ့်ကြောင့်ဆိုသော် ဂရိတ်ပညာရှင် အဲရစ်(စ)တောတယ် (Aristotle) ၏ မိန့်ဆိုသည့် စကားရပ်တွင် “အနုပညာ၏ လုပ်ငန်းတစ်ခုသည် စ-လယ်-ဆုံး သုံးပါးလုံးနှင့် ညီညွတ်ရမည်” ဟူ၍ တွေ့ရှိရသည်နှင့် အညီ“အက်ဆေး”ခေါ် စာစီစာကုံး ရေးလိုပါက “စ-လယ်-ဆုံး သုံးပါးလုံး ညီညွတ်ဖြင့် ညီညွတ်စာရေးသားရမည့်အကြောင်း အေသင်တက္ကသိုလ် အင်္ဂလိပ်စာပေ ပါမောက္ခ ဘားနဒ်ဘသက်စတုန်း က စာစီစာကုံးရေးသားနည်း စာအုပ်တစ်အုပ်တွင် ရေးသားထားလေသည်။
ဤ “အက်ဆေး” ခေါ် ဝေါဟာရ၏ အင်္ဂလိပ်ဘာသာအရ အဓိပ္ပါယ်အဖွင့်မှာ “စကားပြေဖြင့် အကြောင်းအရာ တခုကို မကျယ်လွန်းဘဲ ခပ်ကျဉ်းကျဉ်းနှုန်းဖွဲ့ စီကုံးသောစာပေ” ဟူ၍ ဖြစ်သည်။ ယင်းသို့ ရေးသားသောစာပေတွင် ရေးသားသောအကြောင်းအရာ၌ မိမိ၏ ကိုယ်ပိုင်အတွေးအခေါ် ယူဆချက်များကို ဖော်ထုတ်ရေးသားနိုင်ပေသည်။ ထိုမှတပါး အကြောင်းအရာနှင့်ဆိုင်ရာ အခြေအနေ သဘောတရားများ အသေးစိတ်ဖွဲ့နွဲ့စီကုံးရန်များနှင့် သရုပ်ဖော်ဖွဲ့နွဲ့သော စာများသည် ဤ စာစီစာကုံး၌ အကျုံးဝင်လေသည်။
“အက်ဆေး” ဟူသော ဝေါဟာရကို ကြိယာအဖြစ် (To essay) သုံးသောအခါတွင် (To attempt, to try) လုံ့လပြုသည်၊ ကြိုးစားအားထုတ်သည် ဟူ၍ အဓိပ္ပါယ်ရလေသည်။ ကျောင်းများတွင် ရေးသော “အက်ဆေး” သည် လုံ့လပြုမှု၊ ကြိုးစားမှုပြု၍ မိမိ၏ အတွေးအခေါ်ကို ပြသော သင်္ခဏ်းစာများဖြစ်လေသည်။ ထို့ကြောင့် ကျောင်းတွင် (Trial) အစမ်းရေးသော “အစမ်းစာ” ဟူ၍ ဆိုသော် ဆိုနိုင်ပေသည်။
သရုပ်ခွဲသော်
▄▄▄▄▄▄▄
မြန်မာစာစီစာကုံးသည် အင်္ဂလိပ်စာစီစာကုံးကိုမှီကာ ပေါ်ပေါက်လာသည့်အတိုင်း စာစီစာကုံး အမျိုးအမည်များကို ပိုင်းခြားရာ၌ -
၁။ အကြောင်းအရာဖော်ပြသည့် စာစီစာကုံး (Narrative Essays)
၂။ သရုပ်ဖော် စာစီစာကုံး (Descriptive Essays)
၃။ ချဲ့ထွင်ဖော်ထုတ်ပြသည့် စာစီစာကုံး (Expository Essays)
၎။ အတွေးအခေါ်တင်ပြသည့် စာစီစာကုံး (Reflective Essays)
၅။ စိတ်ကူးယဉ်စာစီစာကုံး (Imaginative Essays) ဟူ၍ ခွဲခြားတွေ့ရှိရပေသည်။
မျက်လှည့်ဆရာ၏ ဖန်မီးအိမ် စာစီစာကုံးရေးနည်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
(Essay Writing) မှတပါး စာပန်းချီဖွဲ့နည်း (ဝါ) သရုပ်ဖော်စာစီစာကုံးနည်း (Descriptive Writing) ဟူ၍လည်း ကဏ္ဍခွဲခြားရှိလေသည်။ စာပန်းချီ၏ သရုပ်သဘောမှာ ဥာဏ်မျက်စိ မနော၌ ရုပ်ပုံကား ထင်လာစေရန် စီကုံးနှုန်းဖွဲ့ခြင်းမျိုး ဖြစ်သည်။ ထိုစိတ်ကူးဥာဏ်ပန်းချီကားသည် သာမန် မံသစက္ခုဖြင့် ကြည့်ရသော ပစ္စည်းမျိုးမဟုတ်၊ ဥာဏ်မျက်စိမနောဓာတ်ဖြင့် ကြည့်ရသော ပစ္စည်းမျှဖြစ်သည်။ မျက်လှည့်ဆရာ၏ ဖန်မီးအိမ်ကြောင့် မြင်တွေ့ရသော ရှုခင်းများကဲ့သို့ပင် ရှိသည်။ စာပန်းချီကားကို နေ့ခင်းအလင်းရောင်တွင် ရှုကြည့်ရသည်ထက် အမှောင်ခန်းတစ်ခုအတွင်း ရှုကြည့်ရခြင်း သည် ပို၍ ထင်ရှားစေသည်။ ထို့ကြောင့် စာပန်းချီဖွဲ့ဆိုရာတွင် အသေးစိတ်မြင်တတ်ရမည်။ သာမန်မြင်တတ်ရုံမျှဖြင့် စာပန်းချီသမား မဖြစ်နိုင်ချေ။ ကြည့်တတ်မြင်တတ်အောင်လည်း လေ့ကျင့်ရပေမည်။
စာပန်းချီသည် ဓာတ်ပုံမဟုတ်
ယင်း သို့ ကြည့်တတ်မြင်တတ်၍ တွေ့တွေ့သမျှ အားလုံးကိုလည်း စာဖွဲ့ရမည်မဆိုလိုချေ။ ထိုသို့တွေ့သမျှအားလုံး ပုံချရေးပါက ရှည်လျားငြီးငွေ့ဘွယ် ဖြစ်တတ်သည်။ ထို့ကြောင့် အသေးစိတ် တွေ့သမျှတို့မှ ရွေးချယ် ၍ တဖန်စီစစ်ရပေမည်။ စီစစ်ရွေးချယ်ရာတွင်လည်း မိမိခြယ်မှုန်းမည့်စာပန်းချီ၏အကြောင်းအရာနှင့်ညီညွှတ်ရပေမည်။ မိမိရေးခြယ်သောစာပန်းချီသည် ဘဝ၏သရုပ်လက္ခဏာတို့နှင့်ပြည့်စုံရပေမည်။ မလိုသည်များကို ပယ်ထုတ်၍ လိုရင်းနှင့်အရေးကြီးသောအကြောင်းများကို ဖေါ်ထုတ်ရမည်။
တဖန်အနုပညာသည် ဓာတ်ပုံပညာနှင့်ခြားနားကြောင်း သတိထားရမည်။ အနုပညာသဘောဖြင့် စာဖွဲ့ရာ၌ ဓာတ်ပုံတွင် အသေးစိတ်ပါရှိသကဲ့သို့ တွေ့မြင်နိုင်မည်မဟုတ်ချေ။ စာပန်းချီဆရာသည် မလိုသောအသေးစိတ်အဖွဲ့ကို ချန်လှပ်၍ စာပန်းချီဆရာမြင်သကဲ့သို့ စာဖတ်သူမြင်တွေ့စေရန် စာပန်းချီဆရာတွေ့ထိခံစားရသကဲ့သို့ စာဖတ်သူတွေ့ထိခံစားစေနိုင်ရန် ရေးသားရပေမည်။ ဘဝသရုပ်ဖေါ်မှုစာပန်းချီရေးရာတွင် စာရေးရာတွင် စာရေးသူ၏ရွေးချယ်သော အကြောင်းရပ်သည် အဓိကအရေးကြီးလေသည်။
စာပန်းချီ အရေးကြီးသည်
စာပန်း ချီဖွဲ့ဆိုရာတွင် စကားရွေးချယ်မှုသည် အထူးအရေးကြီးလေသည်။ ထို့ကြောင့်အင်္ဂလိပ်စာပေ၌ စာပန်းချီကို (Word Picture) ဟုရေးလေသည်။ ပန်းချီသမားသည် စုတ်တံဖြင့် ဆေးရောင်စုံခြယ်ရေးသည့်နည်းတူ စာပေသမားသည်လည်း စကားလုံးရွေးချယ်မှု၌ အထူးအရေးကြီးပေသည်။
''သဒ္ဒါလင်္ကာရ''နှင့် ပြည့်စုံသောစကား
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
''အတ္ထာလင်္ကာရ''နှင့်ပြည့်စုံသောစကားများဖြစ်စေရမည်။ မြန်မာစာပေတွင် ကဗျာဖြင့် စာပန်းချီဖွဲ့ဆိုကြသော ရတုဆရာများဖြစ်သည့် နဝဒေးကြီး၊ နတ်သျှင်နောင် မင်းဇေယျရန္တမိတ်၊ ရှင်သံခို၊ လက်ဝဲသုန္ဒရစသော သူတို့၏ရတုများကို လေ့ကျက်ပါက စာပန်းချီသဘောကို အလွယ်တကူ သိလာပေမည်။
ဥပမာ - ဥပစာတို့ဖြင့် လှိုင်လှိုင်ကြီးတင်စားဖွဲ့ဆိုတတ်ရပေမည်။ မရှင်း-မရှင်း မပြတ်မသား ကွေ့လည်ချောင်ပတ် မဖြစ်စေရ။ ဤအချက်ကို အထူးသတိရသင့်လှသည်။ စာပန်းချီဖွဲ့ရေးသား မှု များကို ယခုအခါ တက္ကသိုလ်များ အထူးလေ့လာစေလျက်ရှိသည်။ ထို့ကြောင့် စာစီစာကုံးရေးနည်း၏အင်္ဂါတရပ်ဖြစ်သော စာပန်းချီဖွဲ့နည်းကို ညွှန်ပြရခြင်းဖြစ်ပေသည်။ ''ပန်းလက်ဆောင်အစမ်းစာ''များတွင် စာပန်းချီ၏သဘော စီကုံးထားသောစာများ ပါရှိပေသည်။
ထို့ကြောင့် စာပန်းချီဖွဲ့ရာတွင် အချုပ်သဘောမှာ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
၁။ အသေးစိတ်လေ့လာရှုကြည့်ပါ။
၂။ ထို့နောက် အရေးကြီးဆုံးအချက်များ စီစစ်ရွေးချယ်ပါ။
၃။ ယင်းသို့စီစစ်ရွေးချယ်ပြီးနောက် တင်ပြရေးသားမည့်အချက်များကို အစီအစဉ်ပြုလုပ်ပါ။
၎။ တိကျသောစကားများ ရွေးချယ်ကာ ဥပမာ-ဥပစာတို့ဖြင့် နှိုင်းခိုင်းပြီး ရှင်းရှင်းသန့်သန့်ကြည်
လင်ထင်ရှားသော စာပန်းချီသရုပ်ဖေါ်ကားအဖြစ် ရေးသားပါ။
အကြောင်းအရာ ဘယ်လိုရှာမည်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
အခြား သော စာစီစာကုံးရေးသားရာတွင်လည်း စာပန်းချီဖွဲ့ပုံဖွဲ့နည်းများအတိုင်းပင်ရေးသားရမည်ဖြစ်သော်လည်း လိုအပ်သော အချက်များကို ထပ်လောင်း၍ ညွှန်ပြရပေမည်။ စာစီစာကုံးရေးရာတွင် အထူးအရေးကြီးဆုံး အကြောင်းတရပ်မှာ စီကုံးမည့်အကြောင်း အရာရွေးချယ်ခြင်းပင် ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် စီကုံးရေးသားမည့်ကျောင်းသားသည် ကိုယ်သိထားသော အကြောင်းအရာများ ပြည့်စုံခြင်းမရှိသောကြောင့်သာဖြစ်သည်။ ကျောင်း သားများအဘို့ အတွေ့အကြုံဗဟုသုတ အကြားအမြင်နှင့်စာဖတ်မှုများ နည်းပါးသဖြင့် ရေးသား ရန် အကြောင်းအရာရှားပါးခြင်းဖြစ်သည်။ ထို့ကြောင့် ပထမဦးဆုံးလိုက်နာရမည့်အချက်သည် စာများများဖတ်ရမည်။ ရှုတတ်မြင်တတ်အောင် လေ့ကျင့်ရမည်။ စာဖတ်ရာတွင်လည်း ဝတ္ထုများကို အပျော်သက်သက်ဖတ်ရုံမျှဖြင့် မပြီးချေ။
ရာဇဝင်စာပေ ခရီးသွားမှတ်တမ်း အတ္ထုပ္ပတ္တိ စာ
တမ်းနှင့်လောကဓာတ်အကြောင်းစာများကိုပါ လေ့လာရမည်။ ရှုမြင်တတ်မှုမှာလည်း ပတ်ဝန်း ကျင်လောကကြီးမှ အသိဉာဏ်များကို ယူရမည်။ သွားရာလာရာ နားç မျက်စိဖွင့်ထားပြီးနောက်
ကိုယ်မသိသော အရာများကို မေးမြန်းပါ၊ မေးမြန်း၍ ရသမျှကိုမှတ်သား၍ လေ့လာလျက်ရှိသော
အကြောင်းတရပ်အပေါ်တွင် အဖေါ်အပေါင်းများနှင့် ဆွေးနွေးပါ။ ဤကား စာစီစာကုံးရေး
သားရန် ပထမပြင်ဆင်မှုတရပ်ပင် ဖြစ်ပေသည်။
လူလဲလေ လောကီသားပေမို့
ဒုတိယပြင်ဆင်မှုသည်ကား စာစီစာကုံးရေးရန် ပေးထားသော အကြောင်းအရာများ အနက် ကိုယ်နှစ်သက်ရာကို ရွေးချယ်မှုပင်ဖြစ်သည်။ စာစီစာကုံးရွေးချယ်မှုနှင့်စပ်လျဉ်း၍ မိမိ အနှစ်ခြိုက်ဆုံးအကြောင်းအရာကို လက်ဦးဆုံးရွေးချယ်ရမည်။ သို့သော် စာစီစာကုံးစစ်မည့်စာစစ်သူ ငြီးငွေ့လောက်စေမည့်အချက်များကိုလည်း သတိထားသင့်လှသည်။ ထို့ကြောင့်-
"O poor Examiner! O foolish candidates! who has be withched
you? will no one tell you that examiners are human, made of flesh and
blood like yourself that they can get tired, bored irritable and unfair?"
''အို-သနား ဘွယ်ကောင်းသော စာစစ်များ၊ အို နားမလည်ရှာသော စာဖြေသူများ၊ သင်တို့အား ဘယ်သူက ပြုစားထားလေဘိ၊ သင်တို့အား စာစစ်သူတို့သည် လူသားစင်စစ်ဖြစ်ကြောင်း၊သင်တို့ကဲ့သို့ သွေးနှင့်ကိုယ် သားနှင့်ကိုယ် ဖြစ်ကြောင်း၊ တဦးတယောက်မျှ မပြောတုံလော။ စာစစ်သူတို့သည် မောပန်းတတ်၏။ ငြီးငွေ့တတ်၏။ စိတ်ဆိုးတတ်၏။ ထို့ကြောင့် မျှတမှုမရှိဖြစ်တတ်လေသည်။''စသည်ဖြင့် စာစီစာကုံးရေးနည်းကျမ်းတစောင်၌ တွေ့ရှိရလေသည်။
ဤအချက်ကို ထောက်ထားပြီး ပူအိုက်သော နွေရာသီဥတု၌ ဖြေဆိုကြရသော ကျောင်းသားများ၏စာ စစ်ကြရသည့်ပုဂ္ဂိုလ်များ၏အရေးကို တွေးဆပြီးလျှင် ရေးသားမည့်အကြောင်းအရာ ရွေးချယ်ရာ၌ အထူးဂရုစိုက်ရပေမည်။ စာအုပ်တအုပ်တွင် ''မျိုးချစ်စိတ်''အကြောင်း စာစီစာကုံးဖတ်ရှုရာမှ နောက်တအုပ်တွင် ''ဆိပ်ကမ်းသာ''အကြောင်းရေးသည်။ စာစီစာကုံး ကူးပြောင်းဖတ်ရှုရလျှင် စာစစ်သူမနော၌ ကြည်နူးတတ်လေသည်။ အမှတ်ပေးစံနစ်တွင်လည်း ထူးခြားပိုမိုရတတ်လေသည်။ အကယ်တည့် ရေးသားပုံ စာဟန် သတ်ပုံ လွန်စွာမကောင်းသော်လည်းအခြားစာများဖတ်၍ ငြီးငွေ့နေရာမှာ တမျိုးတဖုံ ပြောင်းလဲတွေ့ရသောအခါ အရသာတမျိုးတွေ့ရသော စာစစ်သူသည် အာရုံတမျိုး ပြောင်းပြီး အမှတ်ပို၍ရတတ်ကြောင်း၊ ရေးသားထားလေသည်။ ဤသည်အချက်မှာ စာစစ်သူတိုင်း မဟုတ်ပါချေ။ မြန်မာပြည်၌ ကျင်းပသော စာမေးပွဲကြီးများတွင်ကား စံနစ်တကျ ညွှန်ကြားမှုများကြောင့် ဤသို့မမျှတမှုများ၊ ကင်းတန်သလောက်
ကင်း ရှင်းနိုင်ပေသည်။ သို့သော် စာဖြေသူများအား ဖြစ်တတ်ပျက်တတ်သော သဘောတရားကိုသာ သိအပ်စေပေသည်။ ထို့ကြောင့် ''လူတကာ သူသူ ငါငါ ရေးမည့်အကြောင်းကို ရှောင်ပါ''ဟူ၍ သတိပေးထားလေသည်။ သို့သော် ကိုယ်ပိုင်နိုင်သောအကြောင်းတရပ်ကိုကား ရှောင်လွဲမရေးသားရန် နှိုးဆော် အပ်ပေသည်။
စာစီစာကုံး ကောင်းအောင်
စာစီစာကုံး ရေးသေားသောအခါ လိုက်နာရမည့်စည်းကမ်းများ ရှိလေသည်။ ရှေးဦးစွာ ရွေးချယ်ထားသော အကြောင်းတရပ်ကို ရှင်းလင်းဖေါ်ပြရမည်။ အစçနိဒါန်းပင် ဖြစ်သည်။ ''အစကောင်းမှ အနှောင်း သေချာသည်''ဆိုသကဲ့သို့ နိဒါန်းရေးရာ၌ သတိထားရမည်။ အလွန်လွယ်ကူသော ''ခလုတ်ထိမှ အမိတ''ဆိုသောစကားကို အကျယ်ချဲ့၍ နိဒါန်းတွင် ရှင်းလင်းပြရန် မလိုချေ။ ''ကျွန်တော်၏ရည်ရွယ်ချက်''ဆိုပါက ဝေ့လည် ဝေ့လည်နှင့်မရေးရ၊ အမြန်လိုရင်းသို့ရောက်အောင် ဖေါ်ပြရမည်။
မိမိ ရေးသားမည့်အကြောင်းကို တွေးခေါ်ပြီးနောက် ရေးသားမည့်အချက်အလက်များကို ရှာဖွေရမည်။ ချက်ချင်းကောက်၍ မရေးသားပါနှင့်ဦး၊ ပဌမ စဉ်းစဉ်းစားစား ပြုပြီးမှသာ စ၍ရေးပါ။ မိမိဘာကို ဆက်၍ရေးရမည်ကို မသိဘဲ ရေးမိလျှင် အမှားတွေ့၍ အချိန်ကုန်တတ်သည်။ ထို့ကြောင့် ရေးသားမည့်အချက်နှင့်ဆိုင်ရာအကြောင်းများ စုဆောင်းရှာဖွေစဉ်းစားခြင်း၊ စီစစ် ရွေးချယ်ခြင်း၊ စံနစ်တကျ စီစဉ်ခြင်း၊ ပြုပြီးနောက် ပုံကြမ်းထုတ်ရပေမည်။ ပုံကြမ်းဆွဲပြီးလျှင် လိုသောအချက်များရှာ၍ ဖြည့်စွက်ရမည်။ အချက်အလက်ပြည့်စုံသောအခါ စာစီစာကုံးကို ရေးပါလေ။ သို့မှသာလျှင် ''စ-လယ်-ဆုံး''သုံးပါးလုံး ညီညွှတ်စွာ စာစီစာကုံး ဖြစ်လာပေမည်။
စာစီစာကုံးရေးသားသောအခါ အရေးကြီးသော စည်းမျဉ်းများရှိသေးသည်။ ပထမ အချက်မှာ စာရေးသောအခါ စာပိုဒ်များခွဲ၍ ရေးသားရမည်။ တလျှောက်ကြီး ဆက်၍ မရေးရ ရေးပါက ရှုပ်ထွေးပြီး ငြီးငွေ့ဘွယ် ဖြစ်သည်။ စာပိုဒ်ဖွဲ့ရာမှာလည်း စေ့စပ်သေချာရမည်။ ဆီလျော်သော အကြောင်းများကို ကဏ္ဍခြားပြီး စာပိုဒ်ဖွဲ့ရမည်။ ပုံကြမ်းရေးထားသည့်အတိုင်း စာပိုဒ်တခု နှင့်တခု အဆက်အစပ် ရှိစေရမည်။
တိုသောစာပိုဒ်များဖြင့် ပေါင်းစည်းရေးသားသော စာစီစာကုံးတွင် နိဒါန်း၊ ကိုယ်တွင်း ဖြည့် စာစီစာကုံးနှင့်နိဂုံး စ-လယ်-ဆုံးသုံးပါး ပြည့်စုံရမည်။ စာစီစာကုံး၏နိဒါန်းအကြောင်းကို အထက်၌လည်း ပြဆိုခဲ့ပေပြီ။ နိဒါန်းတွင် စာစီစာကုံးအကြောင်းအရာ၏အဓိပ္ပါယ်ကို ရှင်းလင်းဖေါ်ပြရမည်။ ပုံပြင်ဝတ္ထုအကျဉ်း၊ သာဓကဆောင်ပုဒ်၊ မိမိထင်မြင်ချက် စသည်တို့ကို ရေးသားရမည့်အကြောင်းနှင့်ဆီဆိုင်ရာများကို ရေးသားရမည်။
ကိုယ်တွင်း ဖြည့် စာစီစာကုံးမှာ နိဒါန်း၊ အိမ်ရှေ့တံခါးကြီးမှ ဝင်ရောက်လာသောအိမ်မကြီးပင် ဖြစ်သည်။ နိဂုံးသည်ကား အိမ်နောက်မှ တံခါးပေါက်သဘွယ် ဖြစ်ပေသည်။ စာစီစာကုံးရာ၌ အပိုစကားများကိုရှောင်ရမည်။ စကားများ မထပ်စေရန် သတိထားရမည်၊ လိုရင်းထိမိစေ ရမည်။
နိဂုံးသည် နိဒါန်းကဲ့သို့ပင် စိတ်ဝင်စားဘွယ် ဖြစ်စေရမည်။ မစေ့စပ် မရေရာ အားနည်း နည်းချိနဲ့နဲ့ရေးသားသော နိဂုံးသည် စာစီစာကုံးကောင်း မဖြစ်နိုင်ချေ။
ကိုယ်ပိုင်စာတမ်း
စာစီစာကုံး ရေးသားရာတွင် စာဟန်လည်း လိုအပ်သောအချက်တရပ်ဖြစ်၏။ ရိုးရိုးသန့်သန့် ထိထိမိမိ တိကျသော စာဟန်သည် လေ့ကျင့်၍ယူကြရမည်။ သဘာဝအလျောက် ဤသို့စာဟန်မျိုးရရန် ခဲယဉ်းဘိသည်။
ရှင်းရှင်းရေး တတ်ရန်မှာ ရှင်းရှင်းတွေးခေါ်တတ်ရမည်။ မိမိပြောလိုသောအကြောင်း အရာကို ရှင်းရှင်းသိမြင်က တိကျပြတ်သားရှင်းလင်းစွာ ရေးနိုင်သည်။ ပထမရှေးဦးစွာ ဂရုပြုရ မည့်အချက်သည်ကား စုတ်ချက်မနိုင်သေးမီကာလ ကောက်ကြောင်းရိုးရိုးပန်းချီလက်ရာကို လိုက်ရမည်။ ကနုတ်ပန်း၊ ခြူးပန်းခြူးနွယ်များကို လေ့လာ၍ မသင့်သေးချေ။ အဆင်တန်ဆာနှင့်စကားသွယ်ဝယ်မှုများကို ရှောင်ရမည်။ ကိုယ်ပိုင်စာဟန်ရှိပါစေ၊ တပါးသူရေးပြီး စာဟန်ကို မတုပါနှင့်၊တပါးသူ၏စာဟန်သည် မည်မျှအထက်တန်းကျစေကာမူ အတူတု၍ မပြုပါနှင့်။ မိမိပင်ကိုယ်သဘောကိုသာ ထုတ်ဖေါ်နိုင်ပါစေ။ သို့မှသာလျှင် စာစီစာကုံး ကောင်းမွန်ပေမည်။
အချုပ်သဘော
စာစီစာကုံးရေးနည်းအချုပ်သဘောမှာ-
၁။ ရေးသားမည့်အကြောင်းအရာကို ရှေးဦးစွာ ရှင်းရှင်းလင်းလင်း ကြံစည်စိတ်ကူးကြည့်ပါ။
၂။ တဖန် ကြံစည်တွေးတော၍ စိတ်ကူးဉာဏ်၌ အချက်အလက်များကို ပြည့်စုံအောင် ပြုပါ။
၃။ တွေးဆထားသော အချက်များကို ရုံးစည်းပြီး ဆိုင်ရာအချက်များကို စုပေါင်း၍ ကဏ္ဍခွဲခြား
ပါ။ မလိုသော အချက်များကို ရွေးနှုတ်ပစ်ပါ။
၎။ စီစစ်ရွေးချယ်ပြီး စီစဉ်အချက်များကို ပုံကြမ်းရေးပါ။
၅။ ပုံကြမ်းရေးဆွဲပြီး ဖြည့်တန်သည်များကို ဖြည့်စွက်ပါ။
၆။ စာပိုဒ်များ အသီးသီးခွဲခြားပြီး စာစီစာကုံးစတင်ရေးပါ။
၇။ စာစီစာကုံးတွင် နိဒါန်းç စာကိုယ်ç နိဂုံးစုံလင်အောင် ရေးသားပါ။
(က) နိဒါန်းကို စိတ်ဝင်စားဘွယ်ဖြစ်အောင် ရေးပါ။
(ခ) စာစီစာကုံး ဝမ်းတွင်းဖြည့်စာကိုယ်ကို မကျဉ်းမကျယ် ရေးပါ။
(ဂ) နိဂုံးကို ထိမိတိကျအောင် ရေးပါ။
၈။ ရေးသားပြီးသောအခါ တိုတိုတုတ်တုတ် ရှင်းလင်းပြတ်သားစွာ ကိုယ့်စာဟန်နှင့်ကိုယ် ရေးသားပါ။
အချက်အလက်များကို မှတ်သား၍ စာစီစာကုံးအနှုန်းအဖွဲ့ ဉာဏ်ထက်သန်အောင် လေ့ကျင့်သင့်ကြပေသည်။
စာစီစာကုံး ရေးရာတွင် မိမိတို့၏အတွေးအကြံ အထင်အမြင် အတွေ့အကြုံ ဖွယ်ဖွယ်ရာရာနှင့်စီကာပတ်ကုံး ဖြစ်အောင်၊ ရေးတတ်ဘို့လိုပေသည်။ ဤသို့သော အစမ်းစာများနှင့်ထပ် တူထပ်မျှ တသွေမတိမ်း ရေးရန်မလိုပေ။ ကိုရင်ဂျမ်း သို့မဟုတ် အခြားစာစီစာကုံးရေးသူတဦးဦး၏အတွေးအကြံ အထင်အမြင်သည် မိမိတို့နှင့်မည်သည့်အခါမှ တူနိုင်မည်မဟုတ်သည်ကို သတိမူရပေမည်။ လူတဦးနှင့်တဦးသည် အမြင်ချင်း အတွေ့အကြုံချင်း မည်သည့်အခါမှ ပုံစံတူမကျနိုင်သည်ကို အထူးဂရုပြုရပေမည်။ သို့ဖြစ်ရာ အစမ်းစာများ ရေးသားရာ၌ မိမိမည်သို့တွေးသည်၊ မည်သို့မြင်သည်များကိုစီကုံးနှုန်းရမည် ဖြစ်ကြောင်း သတိပြုကြရမည်။
(ဦးမောင်မောင်တင် (မဟာဝိဇ္ဇာ) ၏ မြန်မာစာတက္ကသိုလ် စာအုပ်မှ ကူးယူဖော်ပြပါသည်။)
ကျွန်တော့်ဆီလာလည်ချင်လျင်
My Facebook
-
မန်မာစာစီစာကုံး ရေးသားနည်း (Essay Writing) ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ မြန်မာစာပေလောကတွင် ကဗျာလင်္ကာ၊ စကားပြေနှင့် လင်္ကာစကားပြေနှစ်ထွေရောရာဟူ၍ သုံးမျို...