မလှိုင် မြို့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအသင်းသည် မြို့နယ်ပညာရေးကိုမြှင့်တင်သောအားဖြင့် ပညာရေးဝန်ကြီးဋ္ဌာနမှကျင်းပသော တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မလှိုင် စာဖြေဋ္ဌာနများမှ ထူးချွန်စွာအောင်မြင်ကြသော မြို့နယ်သူ၊မြို့နယ်သား မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအား ဗလငါးတန်ပညာရည်ချွန်ဆုများ နှစ်စဉ်ချီးမြှင့်ပါသည်။ ယခု ၂၀၁၆-၂၀၁၇ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မလှိုင် မြို့နယ်စာဖြေဋ္ဌာနများမှ အောင်မြင်ကြသော မြို့နယ်တွင်းမှ ကျောင်းသား၊ကျောင်းသူများအား ဗလငါးတန် ပညာရည်ချွန်ဆုများကိုချီးမြှင့်နိုင်ရန်အတွက် အနည်းဆုံးအမှတ် ၄၉၀ အထက်ရရှိသူ ကျောင်းသားကျောင်းသူများ အောက်ပါအချက်အလက်များနှင့်အတူ ၁၅.၈.၂၀၁၇ ရက်နေ့နောက်ဆုံးထား၍ ဦးမောင်မောင်တင် အတွင်းရေးမှူး ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအသင်း အမှတ် ၅ ရပ် မလှိုင် မြို့ထံသို့ သတင်းပေးပို့ကြပါရန် အသိပေးကြော်ငြာအပ်ပါသည်။
လိုအပ်သောစာရွက်စာတန်းများ
၁။ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အမှတ်စာရင်းမိတ္တူ (၁)
၂။ မလှိုင် မြို့နယ်တွင်နေထိုင်သူဖြစ်ကြောင်း ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ထောက်ခံချက် (သို့မဟုတ်)အိမ်ထောင်စုစာရင်း မိတ္တူ (၁)
No comments:
Post a Comment